မိုင်းတုံ ဖေဖော်ဝါရီ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ မြို့နယ်ကျန်းမာရေးဌာနမှ မြို့နယ် ဆရာဝန်ဒေါက်တာသက်ခိုင်မင်းနှင့် ဝန်ထမ်းများမှ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာ(၂)ရွာရှိ အိမ်ထောင်စု စာရင်းအတိုင်း အိမ်ထောင်စုတစ်စုလျှင် နှာခေါင်းစည်း(Mask)အခု (၅၀) ပါတစ်ဘူးနှုန်း ဖြန့်ဝေ ပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ပေးခြင်းသည် ကိုဗစ်-၁၉မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါကာကွယ်နိုင်ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများတွင် အထောက်အကူပြုစေရန်ရည်ရွယ်၍ မြို့နယ်ဆရာဝန် ဒေါက်တာ သက်ခိုင်မင်းက ဦးဆောင်၍ မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာ(၂) ရွာပေါင်း နှာခေါင်းစည်း (Mask) ဘူးစုစုပေါင်း(၁၈၈၀)ဘူး ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)