ပဲခူး ဖေဖော်ဝါရီ ၂၃
ပဲခူးခရိုင်မြန်မာ့စီးပွါးရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့၀၈:၀၀အချိန်မှစ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့် အညီ တတိယနေ့အဖြစ် အလှည့်ကျထုတ်ပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ ပင်စင်ထုတ်ပေးရာတွင် ယနေ့ထုတ်ယူရမည့်် မဇင်း၊ ကလျာဏီ၊ ကျွန်းသာယာ၊ ဟင်္သာကုန်း၊ ဗိုလ်ကုန်း၊ ဟံသာဝတီ၊ ရွာသစ်၊ မြို့သစ်ရပ်ကွက်များမှ အငြိမ်းစားဝန်ထမ်းများ အားထုတ်ပေးလျက်ရှိရာ လာရောက်ထုတ်ယူသူများပြားလျက်ရှိပြီး ကိုယ်တိုင် လာရောက်ထုတ်ယူနိုင်ခြင်း မရှိသူများအနေဖြင့်လည်း မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)