ဆင်ပေါင်ဝဲမြို့နယ်၌ ဒေသဖွံ့ဖြိုးရေး၊ နယ်‌မြေလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံ

ဆင်ပေါင်ဝဲ ဖေဖော်ဝါရီ ၂၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်ဦး၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး မျိုးဇော်ဟိန်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့က ဆင်ပေါင်ဝဲမြို့နယ်၊ လယ်မကျေးရွာသို့ သွားရောက်ပြီး ကျေးရွာအုပ်စုအုပ် ချုပ်‌ရေးမှူးများ၊ အထောက်အကူပြုကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ ရာအိမ်မှူး ဆယ်အိမ်မှူးများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးမှ နယ်မြေလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ စိုက်ပျိုးရေရရှိရေး၊ မိမိရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်း များအား ဝိုင်းဝန်းပူး‌ပေါင်းဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ကျေးရွာရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများမှ မိမိတို့ရပ်ရွာဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်လိုသည့်လုပ်ငန်းများနှင့် စပ်လျဉ်းပြီး သိရှိလိုသည်များကို မေးမြန်းဆွေး နွေးကြရာ တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

ဆက်လက်ပြီး အဆိုပါအဖွဲ့သည် မီးသတ်စက်စမ်းသပ်မောင်းနှင် နေမှုအခြေအနေများကိုလည်းကောင်း၊ ကျေးရွာအတွင်း ဆိုလာစနစ်ဖြင့် မီးပေးနေမှု အခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

နိုင်လင်း(မြို့နယ်ပြန်/ဆက်)