ဘိုကလေး ဖေဖော်ဝါရီ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မြို့လယ်ကျက်သရေဆောင် အောင်တော်မူ ဘုရားတန်ဆောင်းတော်ဘေးရှိ နှစ်ကျိပ်ရှစ်ဆူ တန်ဆောင်းတော်၌ စားသုံးသူ ရေးရာဦးစီးဌာနနှင့် ဆီစက်လုပ်ငန်းရှင်များ ပူးပေါင်းကာ မိဘပြည်သူများ ချိုသာသော ဈေးနှုန်းဖြင့် စားအုန်းရရှိ သုံးစွဲနိုင်ရေးအတွက် စားအုန်းဆီ တစ်ပိဿာလျှင် (၅၃၀၀)ကျပ် နှုန်းဖြင့် ဖေဖော်ဝါရီ (၂၄)ရက်မှ စတင်၍ ရောင်းချပေးလျက်ရှိသည်။
ရောင်းချပေးရာတွင် နံနက်(၇)နာရီမှ မွန်းတည့် (၁၂)နာရီခွဲ အထိ တစ်ကြိမ်၊ နေ့လည် (၁)နာရီခွဲမှ ညနေ(၅)နာရီအထိ တစ်ကြိမ် လူတစ်ဦးလျှင် ဆီ(၁)ပိဿာမှ (၂)ပိဿာ အထိ ရောင်းချပေးလျက်ရှိပြီး စုစုပေါင်း ဆီပိဿာ (၁၁၀၀)အား ရောင်းချပေးသွားမည်ဖြစ်ကြောင်းနှင့် ယခုလက်ရှိ ဈေးကွက်အတွင်းတွင် စားအုန်းဆီ ဈေးနှုန်းမှာ (၆၀၀၀)ခန့်ရှိနေသဖြင့် အခြေခံလူတန်းစား အများစု အနေဖြင့် (၅၃၀၀)ကျပ်နှုန်းဖြင့် ရောင်းချဆောင်ရွက်မှုအား လာရောက်ဝယ်ယူ အားပေးလျက်ရှိကြောင်း သိရသည်။
မိုးစက်