မိုင်းဖြတ် ဖေဖော်ဝါရီ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူ များသည် ယမန်နေ့ ညနေပိုင်းက Quartine Center များ ကြိုတင်ပြင်ဆင် ထားရှိနိုင်ရေးအတွက်က ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မျိုးနှင့် တာဝန်ရှိသူများက မိုက်စီကျိုင်းမိုင်းဘုန်းတော်ကြီးကျောင်းရှိ ဆရာတော်၏ ခွင့်ပြုချက်ဖြင့် Quartine Center ကြိုတင်ပြင်ဆင်ထားရှိနိုင်ရေး၊ သောက်သုံးရေနှင့် လျှပ်စစ်မီးသွယ်တန်းရရှိနိုင်ရေး၊ အတည်ပြုလူနာများ နေထိုင်ရေးအတွက် မြေပြင်အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များကို ကျောင်းထိုင် ဆရာတော်နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ်တွင် Positive Centre၊ Quartine Center များအဖြစ် မြို့နယ်ပြည်သူ့ဆေးရုံ၊ တပ်မတော်စစ်ဆေးရုံ၊ မိုင်းဖြတ်တပ်နယ်ရှိ အားကစားရုံ၊ ဟိုနားကျေးရွာရှိ ဘုရားရှိခိုးကျောင်း (ဘော်ဒါဆောင်) ဈေးတန်း (ကွက်သစ်) ရပ်ကွက်ရှိ ဘုရားရှိခိုးကျောင်း (ဘော်ဒါဆောင်)၊ မိုက်စီကျိုင်းမိုင်း ဘုန်းတော်ကြီးကျောင်း သီးသန့်ဆောင်တို့တွင် ကြိုတင်ပြင်ဆင်ထားရှိကြောင်း သိရသည်။
သန်းထွန်းအေး