မြောက်ဦး ဖေဖော်ဝါရီ ၂၈
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ မိဘပြည်သူများကို ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်(Omicron) ကြိုတင် ကာကွယ်ရေးဆိုင်ရာ အချက်များကို အသိပညာပေးနှိုးဆော်ခြင်းများကို ယမန်နေ့နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်ပြီး အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲသစ်ဖြစ်သည့် အိုမီခရွန် ကူးစက်ပျံနှံမှုပိုမိုများပြားလာ၍ မိမိတို့နိုင်ငံထဲတွင် ရောက်ရှိနေပြီဖြစ်သည်။ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ကို ဗီဇပြောင်း အိုမီခရွန်ရောဂါပိုးသည် မိမိတို့နိုင်ငံတွင် စတင်တွေ့ရှိ လာပြီဖြစ်၍ ကြိုတင်ကာကွယ်နိုင်ရန်နှင့် မိဘပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အဓိကလိုက်နာရမည့်အချက်များနှင့် တတ်နိုင်သမျှ မိမိတို့နေအိမ်တွင် နေထိုင်ကြရန်နှင့် လူအများနှင့် ထိတွေ့ဆက်ဆံပါက Face Shield တပ်ဆင်ထားရန်၊ လူစုလူဝေးနှင့် လူထူထပ်သောနေရာများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန်၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ၆ပေအကွာ ခပ်ခွာခွာနေထိုင်ကြရန်၊ မကြခဏလက်ကို စက္ကန့် ၂၀ ကြာ ဆေးကြောရန်၊ ဈေးရောင်း ဈေးဝယ်သူများ အနေဖြင့် Mask တပ်ဆင်၍ ဈေးရောင်းချကြရန် မြို့ပေါ်၊ ရပ်ကွက်များ၊ လမ်းဆုံ၊ လမ်းခွနေရာများ၊ ဈေးဆိုင်တန်းနေရာများသို့သွား ရောက်ပြီး ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီ ခရွန်(Omicron) ရောဂါ ကြိုတင်ကာကွယ်ရန် ကျန်းမာရေးအသိပညာပေး လှည့်လည်နှိုးဆော်လျက်ရှိကြောင်း သိရှိရသည်။
မြင့်စိုး (ပြန်/ဆက်)