ပုလော ဖေဖော်ဝါရီ ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပုလောမြို့နယ်ရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့ နံနက်ပိုင်းက လက္ကူးကျေးရွာအုပ်စု၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ပြုလုပ်ရာတွင် ပုလောမြို့နယ် လဝက ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ အသက်(၁၀)နှစ်ပြည့် နိုင် ၃(က) (၁၂)ဦး၊ အသက်(၁၈)နှစ်ပြည့် နိုင် ၆(က)(၈)ဦး၊ လဲလှယ်(၂၃)ဦး၊ မိတ္တူ(၄၆)ဦး၊ စုစုပေါင်း(၈၉)ဦးအား ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အေးအေးမော်(ပုလော)