ရှေးဟောင်းသမိုင်းဝင် အပရာဇိတဆံတော်ရှင် ကျိုက်ဝိုင်းစေတီတော်မြတ်ကြီး၏ (၁၅၉) ကြိမ်​​​မြောက် ဗုဒ္ဓပူဇနိယပွဲ​​တော် ဆွမ်းဆန် စိမ်း​လောင်းလှူပွဲကျင်းပ

မရမ်းကုန်း ​မတ်

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ အမှတ်()ရပ်ကွက် ​ရှေး​ဟောင်းသမိုင်းဝင် အပရာဇိတဆံ​တော်ရှင် ကျိုက်ဝိုင်း​စေတီ​​တော်မြတ်ကြီး၏ (၁၅၉)ကြိမ်​မြောက်ဗုဒ္ဓပူဇနိယပွဲ​တော် ဆွမ်းဆန်စိမ်း​လောင်းလှူပွဲအခမ်းအနားကို ယမန်​နေ့ည​နေ ၄:၀၀နာရီ အချိန်က စေတီ​တော်မြတ်ကြီး၏ရင်ပြင်​တော်၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဆွမ်းဆန်စိမ်း​လောင်းလှူပွဲသို့ မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနနှင့် ဌာန ဆိုင်ရာများ၊ မြို့နယ်ကြက်​ခြေနီအသင်း၊ မြို့နယ်စာ​ရေးဆရာအသင်း၊ မြို့နယ်ဂီတ အစည်းအရုံးနှင့် ​စေတနာရှင် ပြည်သူများက ဆွမ်းဆန်စိမ်းအပါအဝင် လှူဖွယ်ဝတ္ထု ပစ္စည်း များအား ကုသိုလ်ယူ​လောင်းလှူခဲ့ရာ သံဃာ​တော် စုစု​ပေါင်း(၂၃၅)ပါးအား ​လောင်းလှူပူ​ဇော်ခဲ့ကြ​ကြောင်း သိရသည်။

​အေး​အေး​အောင်(ပြန်/ဆက်)