ပုလောမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ

ပုလော   မတ်  ၃

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ယနေ့နံနက်(၈)နာရီ က ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မိခင်နှင့်ကလေးကျန်းမာရေးဌာန ဝန်ထမ်းများက ဆေးထိုး/ဆေးတိုက်ရန် လာရောက်သည့် မိခင်နှင့်ကလေးငယ်များကိုယ်ဝန်ဆောင်များကို အပြင်ထွက်တိုင်း နှာခေါင်းစည်း စနစ်တကျ တပ်ဆင်စေခြင်း၊ လက်ဆေးဆပ်ပြာနှင့် လက်ကို စနစ်တကျ ဆေးကြောစေခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်းများ ဆောင်ရွက်စေပြီး ဘက်စုံသားဖွား ဆရာမ ဒေါ်ခင်ဝင်းက မေးခိုင်ကာကွယ်ဆေးထိုးနှံပေးခြင်း၊ အသက်တစ်နှစ်ခွဲနှင့် တစ်နှစ်အောက် ကလေးများအား ပုံမှန် ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကျန်းမာရေး အသိပညာပေး ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အေးအေးမော် (ပုလော)