မရမ်းကုန်းမြို့နယ် သမဝါယမအသင်းစု၏ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ကျင်းပ

မရမ်းကုန်း မတ်

ရန်ကုန်တိုင်းဒေသကြီး ၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ မြို့နယ် သမဝါယမ အသင်းစု၏ (၁-၄-၂၀၁၉)မှ (၃၀-၉-၂၀၂၀)ရက်နေ့ထိ (၁၈)လအတွက် ကျင်းပပြုလုပ်သော နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်​နေ့ နံနက် ၁၀:၀၀နာရီအချိန်က မြို့နယ်သမဝါယမဦးစီးဌာန ရုံးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ အစည်းအ​ဝေးတွင် တိုင်း​ဒေသကြီး သမဝါယမဦးစီးမှူး​ ဒေါ်ဥမ္မာမြင့်က မြို့နယ်အတွင်း ကုန်သွယ်မှု လုပ်ငန်းများ တိုးချဲ့​​ဆောင်ရွက်နိုင်​ရေးနှင့် အသင်းသားများ အကျိုးခံစားခွင့်ရရှိ​စေ​ရေး အစရှိသဖြင့် လမ်းညွှန်အမှာ စကား​​ပြောကြားခဲ့ပြီး အခမ်းအနားသို့ တိုင်း​​ဒေသကြီး သမဝါယမ ဦးစီးဌာနမှ ဖွဲ့စည်း​ရေး​ကော်မတီများ၊ အသင်းဝင် ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်​ရောက်ခဲ့ကြ​ကြောင်း သိရသည်။

​အေး​အေး​အောင်