ကရင်ပြည်နယ် ပိုင်ကျုံမြို့ ကွီးကျယ်-ထီးပရီး-မဲပရခီး ကျေးရွာချင်းဆက် မြေသားလမ်း (၃)မိုင် ဖောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး

ပိုင်ကျုံ  မတ်  

ကရင်ပြည်နယ်၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ပြည်သူများ၏ လူနေမှုဘဝ တိုးတက်မြင့်မားလာစေရေးနှင့် သွားလာရေးအဆင်ပြေစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ကွီးကျယ်-ထီးပရီး-မဲပရခီး  ကျေးရွာချင်းဆက် မြေသားလမ်း (၃) မိုင် ဖောက်လုပ်ခြင်းလုပ်ငန်းကို နို၀င်ဘာလ ၁၅ ရက်နေ့ တွင် စတင်အကောင်အထည် ဖော်ဆောင်ရွက်ရာ မတ်လ ၂ ရက်နေ့တွင် ရာနှုန်းပြည့်ပြီးစီးပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြေသားလမ်းသည်   အရှည် (၃) မိုင်ရှိပြီး မြေသားလမ်းဖောက်လုပ်ခြင်း လုပ်ငန်းကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမ ၆ လပတ်အတွင်း ကရင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ခွင့်ပြုရန်ပုံငွေ ကျပ် (၁၁၅.၂၈၀)သန်းဖြင့် အကောင်အထည်‌ဖော် ဆောင်ရွက်လျက်‌ ရှိကြောင်း၊ ယင်းလမ်း‌ ဖောက်ခြင်းကို သုမွဲထအောင်‌မြေကုမ္ပဏီမှ တာ၀န်ယူဆောင်ရွက်ပြီး လုပ်ငန်းများ အချိန်မီပြီးနိုင်ရေးအတွက် ကရင် ပြည်နယ် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာ၀န်ရှိသူတို့က အနီးကပ်ကြီးကြပ်မှုဖြင့် ဆောင်ရွက် ခဲ့‌ကြောင်း သိရသည်။

ယင်းလမ်းဖောက်ခြင်း ပြီးစီးခြင်းကြောင့် ပိုင်ကျုံမြို့အတွင်းရှိ ဒေသခံပြည်သူများနှင့် ကျေးရွာ အတွင်းရှိ ကျေးလက်နေ ပြည်သူများအနေဖြင့် လမ်းပန်းဆက်သွယ်ရေးတွင် ယခင်ကထက် ပိုမိုအဆင်ပြေ လွယ်ကူစွာ သွားလာနိုင်သည့်အပြင် ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း လွယ်ကူအဆင်‌ပြေလာပြီးဖြစ်ကြောင်း သိရသည်။

စောဂျိုးဇက်ဂျူး