လိပ်သို မတ် ၃
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ကျေးရွာအချို့တွင် ဒေသအခေါ် ယာဒိုသောက်ရေခပ်ငရုပ်သီး၊ ပဒေါင်သီး မျိုးများကို ဒေသခံတောင်သူအချို့က အဓိကထားစိုက်ပျိုးပြီး အသက်မွေးဝမ်းကျောင်းလျက်ရှိသည်။
ယခင်နှစ်များက အဆိုပါ ငရုပ်သီးခြောက်များကို နှစ်သက်စားသုံးကြသူများက ကျပ် ၇၀၀၀ မှ ကျပ် ၁၀၀၀၀ အထိ ဝယ်ယူစားသုံးခဲ့ကြသော်လည်း ယခုနှစ်တွင် ကျပ် ၁၀၀၀၀မှ ကျပ်၁၅၀၀၀ အထိ ဝယ်ယူစားသုံးနေရကြောင်း သိရသည်။
ယခုနှစ်တွင် ရာသီဥတုမကောင်း၍ ငရုပ်သီးအထွက်နှုန်း လွန်စွာနည်းပါးခဲ့ပြီး တစ်နှစ်စာသိုလှောင်စားသုံးရန်ပင် ဝယ်ယူ၍ မရရှိနိုင်သောကြောင့် ဈေးနှုန်းမြင့်တက်လာသော်လည်း ယင်းယာဒိုငရုပ်သီး စိုက်တောင်သူအချို့မှာ အဆင်မပြေမှုများနှင့် ကြုံတွေ့နေရကြောင်း ဝယ်ရောင်းသူတစ်ဦးထံမှ သိရသည်။
နော်နီလာအေး(လိပ်သိုမြို့)