နတ်မောက်မြို့မြို့ မစည်ပင်သာယာစျေး အသစ်ပြန်လည်တည်ဆောက်ပြီးစီးမှု အခြေအနေအား မကွေးတိုင်းဒေသကြီး အစိုရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်ကွင်းဆင်းကြည့်ရှုစစ်ဆေး

နတ်မောက်  မတ် ၃

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် မြို့မစည်ပင်သာယာစျေးအသစ်ပြန်လည် တည်ဆောက်ပြီးစီးမှုအခြေအနေအား မကွေးတိုင်းဒေသကြီးအစိုရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးထင်အောင်၊   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဝင်များက ယမန်နေ့နေ့လယ်(၁၂) နာရီအချိန်ခန့်က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

မြို့စည်ပင်သာယာစျေးကြီးသည် နိုဝင်ဘာ(၁၃) ရက်နေ့တွင် စတင်မီးလောင်ခဲ့ပြီး၊ ဒီဇင်ဘာ (၇) ရက်နေ့တွင် အသစ်ပြန်လည် တည်ဆောက်ခဲ့ပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်(မီနီဘက်ဂျက်)တွင် တိုင်းဒေသကြီးအစိုးရ ထောက်ပံ့ငွေ သိန်း(၅၅၀၀)ကျပ်ဖြင့် တည်ဆောက်လျက်ရှိပြီး ယခုအချိန်တွင် ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 အဆိုပါ မြို့မစည်ပင်သာယာစျေးကြီးတွင် စျေးဆိုင်ခန်းသစ်ဆောက်လုပ်ခြင်း (၂၂) ရုံ၊ အသားငါး ဆိုင်ခန်း (၁)ရုံ၊ မြို့မဈေးအတွင်း တောင်/မြောက်လမ်းသွယ်(၁) မူလ (၁၂ ပေ)အကျယ်လမ်းအား (၂၄ပေ)အကျယ်ကွန်ကရစ် လမ်းသားချဲ့ခြင်း၊ မြို့မဈေးအတွင်း တောင်/မြောက် လမ်းသွယ်(၁) လမ်း အရှေ့ဘက်ခြမ်း အုတ်ရေမြောင်း ဆောက်လုပ်ခြင်းနှင့်ရေမြောင်းပြုလုပ်ခြင်းများ၊ ၈ ပေ ၆ ပေ ဆိုင်ခန်းပေါင်း  (၄၇၈)ခန်း တည်ဆောက်ထားရှိမှုအခြေအနေအား လိုက်လံကြည့်ရှုစစ်ဆေးပြီး ယာယီစျေးတွင် ရောင်းချနေသော စျေးသည် များအား မြို့မစျေးကြီးတွင် အမြန်ဆုံး ပြန်လည် ရောင်းချနိုင်ရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

သင်းသင်းမြတ်