ချောင်းသာ မတ် ၃
ပုသိမ်ခရိုင်၊ ချောင်းသာမြို့ရှိ ချောင်းသာကမ်းခြေတွင် စျေးသည်များ စနစ်တကျရောင်းချမှုရှိစေရန်နှင့် စွန့်ပစ်အမှိုက်များကို စနစ်တကျ စွန့်ပစ်မှု ရှိစေရေးအတွက်မြို့အုပ်ချုပ်ရေးမှူးဦးဆောင်၍ ယနေ့နံနက် ၁၁ နာရီတွင် ကမ်းခြေစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ကွင်းဆင်းစစ်ဆေး အသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးသီဟအောင်နှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၊ မြို့စည်ပင်သာယာရေးအဖွဲ့၊ ပြန်/ဆက်၊ နယ်မြေခံတပ်/ရဲများ၊မီးသတ်ဝန်ထမ်းများပါဝင် သည့် ကမ်းခြေစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့က ကမ်းခြေတွင်စျေးရောင်းချနေကြသော စျေးသည် များအား စျေးဆိုင်နေရာများကို သတ်မှတ်နေရာများတွင် စနစ်တကျ ခင်းကျင်းရောင်းချရန်၊ စွန့်ပစ် သည့် အမှိုက်များအား စနစ်တကျ စွန့်ပစ်ကြရန်နှင့်ကမ်းခြေသို့ လာရောက်လည်ပတ်ကြသည့် ခရီး သွားဧည့်သည်များ အေးချမ်းပျော်ရွှင်စွာနားနေအပမ်းဖြေနိုင်ရန်အတွက်တို့ကို ကွင်းဆင်းစစ်ဆေး ဆောင် ရွက်ခဲ့ကြသည်။
အဆိုပါ ကမ်းခြေစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က သန့်ရှင်းသာယာလှပသောကမ်းခြေဖြစ်စေရန်နှင့် ခရီးသွားဧည့်သည်များ စိတ်အေးချမ်းမြေ့စွာ လည်ပတ် နိုင်ရေးအတွက်ရည်ရွယ်၍ စဉ်ဆက်မပြတ် လှည့်လည်ကြီးကြပ် စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ကျော်ကျော် (ပြန်/ဆက်)