နတ်မောက်မြို့ ဂွေးကုန်းကျေးရွာအုပ်စု ဂွေးကုန်းကျေးရွာ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်း ဆောင်ရွက်

နတ်မောက် မတ် ၃

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ဂွေးကုန်းကျေးရွာအုပ်စု ဂွေးကုန်းကျေးရွာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ နိုင်ငံသား စိစစ်ရေးကတ် မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စု လူဦးရေစာရင်း ပြုလုပ်လိုသူများအား ပန်းခင်းစီမံချက်ဖြင့် ယမန်နေ့နံနက်ပိုင်းက ရွာသစ်ကျေးရွာ အုပ်ချုပ်ရေးမှူးအိမ်တွင်ပြုလုပ် ဆောင်ရွက်ပေးခဲ့သည်။                                                                 

ထိုသို့ဆောင်ရွက်ပေးရာတွင် အသက်(၁၀)နှစ်ပြည့်နိုင်ငံသားစိစစ်ရေး ကတ်လာရောက်ပြုလုပ်သူ ကျား(၂၅)ဦး၊ မ(၂၇)ဦး၊ အသက် (၁၈) နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်လာရောက်ပြုလုပ်သူ ကျား(၂)ဦး၊ မ(၆)ဦး၊ လဲလှယ်ကျား(၂)ဦး၊ မိတ္တူ ကျား(၃)၊ မ (၁၁)  စုစုပေါင်း (၇၁)ဦးအား ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ်တွင် ရပ်ကွက်(၇)ရပ်ကွက်၊ ကျေးရွာပေါင်း(၂၃၄)ရှိပြီး ကျန်ရှိနေသည့် ကျေးရွာများသို့ ပန်းခင်းစီမံချက်ဖြင့် ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးတင့်ထံက သိရသည်။

သင်းသင်းမြတ်