ကလေးဝ မတ် ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် မြို့နယ်မီးသတ်ဦးစီးဌာနက မီးဘေးကြိုတင် ကာကွယ်ရေးအတွက် မြို့ပေါ်ရှိ ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များအား အသိပညာပေး စစ်ဆေး ခြင်းကို ယနေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
မြို့နယ်မီးသတ်ဦးစီးဌာနက ပွင့်လင်းရာသီသို့ ရောက်ရှိလာသည်နှင့်အညီ မီးဘေးလုံခြုံရေး နှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အ သိပညာပေး လုပ်ငန်းများကို ဆောင်ရွယ်လျက်ရှိရာ ယနေ့ နံနက်က မြို့ပေါ်ရှိ ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင်များအား မီးသတ်ဦးစီးဌာန၏ ညွှန် ကြားချက်များနှင့်အညီ မီးသတ်ဆေးဗူး အလုံအ လောက်ရှိမရှိ၊ Foam ဆေးရည် ရှိမရှိတို့ကို စစ် ဆေးခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးသိင်္ခက မီးသတ်ဆေးဗူး အသုံးပြုနည်း၊Foam ဆေးရည်
အသုံးပြုနည်း၊ ရာသီဥတုပူပြင်းချိန်တွင် ဆီအတင်အချ မပြုကြရန်၊ အရိပ်အမိုးအောက်တွင် ဆီဖြည့်ရန်နှင့် စက်သုံးဆီအရောင်းဆိုင် ပတ်ဝန်းကျင်ကို ရေပက်ဖျန်းထားရှိရန် တို့အား အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သက်ဟန်(ကလေးဝ)