ဝက်လက်မြို့၌ အသက် ၁၈ နှစ်အထက် ဒေသခံ ပြည်သူ ၃၂၅၂၇ ဦးကို ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီး

ဝက်လက် မတ် ၃

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့တွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် အသက် ၁၈ နှစ်အထက် ဒေသခံ ပြည်သူများကို ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို  တနင်္လာနေ့မှ သောကြာနေ့အထိ  နံနက် ၉ နာရီ အချိန်မှ စတင် ၍ ဝင်းလက်ရွှေရည် ဇာတ်ရုံ အတွင်း  ထိုးနှံပေးရာတွင် ယနေ့အထိ  ၃၂၅၂၇ ဦးထိုးနှံပြီးကြောင်း  သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမှုကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လှိုင်နှင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများက လိုအပ်သော အကူအညီများ ဖြည့်ဆည်း ဆောင်ရွက် ပေးနေကြောင်း သိရသည်။

ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ရောဂါ စည်းကမ်းချက်များနှင့်အညီ တစ်ဦးနှင့်တစ်ဦး သုံးပေအကွာ နေထိုင်စေ၍ ကျန်မာရေး ဝန်ထမ်းများက အပူချိန်တိုင်းတာပေးခြင်း သွေးအတွင်းအောက်ဆီဂျင် ပါဝင်မှုပမာဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး မိနစ် သုံးဆယ်အကြာ စောင့်ဆိုင်းစေပြီးမှ ကာကွယ်ဆေး ထိုးနှံပေးရာနေရာမှ ထွက်ခွာခွင့် ပြုကြောင်းသိရသည်။

ဝက်လက်မြို့နယ်အတွင်း ဒေသခံပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံခြင်းလုပ်ငန်းကို ယနေ့ထိတွင် ဒေခံသပြည်သူ ၃၂၅၂၇ ထိုးနှံပြီးရာ  ကျန်ရှိသူများကိုလည်း ဆက်လက် ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကော်မတီ ထံမှ သိရသည်။

စိုးစိုးလှိုင် (ဝက်လက်)