မရမ်းကုန်းမြို့နယ်အတွင်းရှိ ပြည်သူများအတွက် စားသောက်ကုန်များ စျေးနှုန်းသက်သာစွာ လာရောက် ရောင်းချ

မရမ်းကုန်း  မတ်  ၃

ပြည်သူများစျေးနှုန်း သက်သာစွာဝယ်ယူနိုင်ရေးအတွက် ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ဗဟိုလမ်း၊ မုဒိတာအိမ်ရာ(၁)တွင် ယမန်နေ့ နံနက် (၇) နာရီအချိန်မှ စတင်ကာ မြို့နယ် စည်ပင်သာယာရေးဌာနဝန်ထမ်းများက စျေးကားများဖြင့် စားသောက်ကုန်များ လာရောက်ရောင်းချ ပေးလျက် ရှိသည်။

အဆိုပါ စားသောက်ကုန်များမှာ တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ လိုင်စင်စီကြက်သား၊ ဝက်သား၊ ဆိတ်သား၊ အမဲသားတို့ဖြစ်ပြီး ကြက်သား(၁)ပိဿာ (၆၀၀၀/-) နှုန်းဖြင့် (၂၀)ပိဿာ၊ ဝက်သား (၁) ပိဿာ (၁၂၀၀၀/-) နှုန်းဖြင့် (၄၀) ပိဿာ၊ ဆိတ်သား (၁) ပိဿာ (၂၀၀၀၀/-) နှုန်းဖြင့် (၂၀) ပိဿာ၊ အမဲသား (၁) ပိဿာ (၁၃၀၀၀/-)နှုန်းဖြင့် (၁၅)ပိဿာ စုစု‌ ပေါင်း ငွေ ကျပ် (၁၁၉၅၀၀၀/-) ရောင်းချခဲ့ကြောင်း သိရသည်။

အေးအေးအောင်(ပြန်/ဆက်)