ရေတာရှည်မြို့နယ် မြို့အဝင်ကိုဗစ်စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး ပြီးစီး​ကြောင်းကဒ်နှင့် မျက်နှာနှင့်နှာ​ခေါင်းစည်း(mask) တပ်ဆင်သွားလာမှုအား စစ်ဆေးဆောင်ရွက်

ရေတာရှည်  မတ်  ၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် မြို့အဝင်ကိုဗစ်စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း Omicron (အိုမီခရွန်)ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်​ရေးအတွက် ယနေ့နံနက်ပိုင်းက စတင်၍ မျက်နှာနှင့်နှာ​ခေါင်းစည်း(mask) တပ်ဆင် သွားလာ​မှုမရှိသူများအား ဒဏ်​ငွေ ၅၀၀ ကျပ် ရိုက်၍ ချက်ချင်း တပ်ဆင်​စေခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီး​ကြောင်းကဒ်အား စစ်​ဆေး၍ ကာကွယ်​ဆေး မထိုးနှံရ​သေးပါက ကာကွယ်​ဆေးထိုးရန် အသိပညာ​ပေးခြင်းများ ​ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်‌ အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးဥက္ကာသန်း ဦးဆောင်၍ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နယ်​မြေခံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပါဝင်သည့် အဖွဲ့များဖြင့် မြို့အဝင်၊ အထွက် ဂိတ်များတွင် စစ်​ဆေးကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး မြို့အတွင်းသို့ အခြားဒေသမှ ဝင်​ရောက်လာ သူများအ​နေဖြင့် ကာကွယ်​ဆေးထိုးနှံထားခြင်း မရှိပါက ဝင်​ရောက်ခွင့်မပြု​ကြောင်းနှင့် နေအိမ်ပြင်ပ ထွက်ခွာပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်သွားလာကြရန်၊ အပြင်ထွက်ရာက ပြန်လာတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (Mask) များကို စနစ်တကျ စွန့်ပစ်ရန်၊ ပြည်သူများအနေဖြင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေကြရန် အသိပညာပေး  ပြောကြားခြင်းများ ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)