အိမ်မဲမြို့နယ်တွင် ရုံးဌာနများအရောက် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး

အိမ်မဲ မတ် ၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာမှ ရုံးဌာနများအရောက် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို မတ်လ  ၃ ရက် မွန်းလွဲ ၂ နာရီတွင် မြို့နယ်သမဝါယမဦးစီးဌာနရုံးနှင့် မြို့နယ်စာတိုက်ရုံးတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စာအုပ်စာစောင်များ ငှားရမ်းပေးရာတွင် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဝန်ထမ်းများ အတွက် အိမ်မဲမြို့နယ် ပြန်/ဆက်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများကရုံးဌာနများ အရောက် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ သုတ၊ ရသ၊ ဝတ္တုနှင့် မဂ္ဂဇင်းများကို ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ စာအုပ်စာစောင်များကို အပတ်စဉ် ရုံးဌာနများအရောက် Mobile Library စနစ်ဖြင့် ငှားရမ်းပေးသွားမည်ဖြစ်ပြီး စာကြည့်တိုက်အသင်းဝင် ကတ်ပြားများကိုလည်း ပြုလုပ်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ)