လမ်းမတော် မတ် ၃
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းအိုမီခရွန်ရောဂါကြိုတင် ကာကွယ် နိုင်ရေးအတွက် ကာကွယ်ဆေးမထိုးနှံရသေးသူ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အ.လ.က(၁)ကျောင်း မြမာလာခန်းမ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်အတွင်းရှိ ကာကွယ်ဆေးမထိုးနှံရသေးသော အသက် ၁၈ နှစ်အထက် ပြည်သူများအား ပထမအကြိမ်အဖြစ် ဆေးထိုးနှံ သူ (၃၃) ကိုယ်ဝန်ဆောင်မိခင် ပထမအကြိမ် ဆေးထိုးနှံသူ (၇)ဦး၊ ကိုယ်ဝန်ဆောင် မိခင်ဒုတိယအကြိမ်အဖြစ် ဆေးထိုးနှံသူ ( ၅၅ ) ၊BoosterDose(၁)ဦး စုစုပေါင်း ( ၉၆ ) ဉီးအား ကိုယ်အပူချိန်တိုင်း တာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးတွင်း အောက်ဆီဂျင်ပမာဏ တိုင်းတာခြင်းနှင့် ကာကွယ်ဆေးထိုးမှတ်တမ်းတွင် စာရင်း ရေးသွင်း စေခြင်း၊ ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကာကွယ်ဆေးထိုးပြီးချိန်တွင်လည်း နာရီဝက်ခန့် စောင့်ကြည့်၍ လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ QR Code စနစ်ပါဝင်သည့် မှတ်တမ်းစာရွက်များပြုလုပ်နိုင်ရေး စာရင်းရေးသွင်းခြင်းနှင့် QR Code စနစ်ပါဝင်သည့် မှတ်တမ်းစာရွက်များအား ပေးအပ်ခြင်းတို့ကို မြို့နယ်ပြည်သူ့ ကျန်းမာရေးဉီးစီးဌာန မှ ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ် ရေးဉီးစီးဌာန မှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် မြို့နယ်အတွင်းရှိ ပရဟိတအသင်း အဖွဲ့ဝင်များက ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဆောင်ရွက်ပေးခဲ့သည်။
လမ်းမတော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနည်းလမ်းများအတိုင်း တိကျစွာ လိုက်နာနေထိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အားအကြိမ်ပြည့်ထိုးနှံနိုင်ရေး အသိပညာပေးခြင်းလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဉီးဆောင်မှုဖြင့် တာဝန်ရှိသူများ ပူးပေါင်းကာ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
ကျော်ဆန်းမြင့်