လက်ပံတန်းမြို့နယ်၌ ၂၀၂၂ခုနှစ်၊   တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ​ (၉၂၉) ဦး ဝင်ရောက်ဖြေဆိုမည်

လက်ပံတန်း  မတ်  ၄

ပဲခူးတိုင်းဒေသကြီး၊  သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ၂၀၂၂ခုနှစ်၊ မတ်လ ၃၁ ရက်​နေ့နှ​​င့်  ဧပြီလ ၉ ရက်​နေ့ အထိ ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် စာစစ်ဌာန ၄ ခု၌ ကျောင်းတွင်းစာဖြေသူ(၇၃၂)ဦး၊ ပြင်ပဖြေဆိုသူ(၁၉၇)ဦးတို့သည် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန်အတွက မူလသတ်မှတ်ထားသော ဒီဇင်ဘာ ၃၁ ရက်နေ့အထိ လျှောက်လွှာများကို တင်သွင်းထားရှိကြောင်း သိရသည်။

လက်ပံတန်းမြို့နယ်အတွင်းတွင် အ··ကကျောင်း(၁၂)​ကျောင်းရှိပြီး အဆိုပါကျောင်းများမှ စာစစ်ဌာန(၄)ခု၌​ ကျောင်းတွင်းစာဖြေသူဦးရေ စုစုပေါင်း (၇၃၂)ဦး၊ ပြင်ပဖြေဆိုသူဦးရေ စုစုပေါင်း(၁၉၇)ဦး၊ စုစုပေါင်းစာဖြေသူဦးရေ(၉၂၉)ဦး ဝင်ရောက်ဖြေဆိုမည်​ဖြစ်ကြောင်း မြို့နယ်ပညာ ရေးမှူးရုံးမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)