ကမမောင်းမြို့လူထုအခြေပြုဗဟိုဌာနတွင်‌ ကျောင်းသား/ကျောင်းသူများ ကာယဉာဏဖွံ့ဖြိုး‌ စေရန်အတွက် အားကစားလှုပ်ရှားမှု ပြိုင်ပွဲကျင်းပ

ကမမောင်း  မတ်လ   ၄

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကျောင်းသား/ကျောင်းသူများ ဉာဏ်ရည် ဉာဏ်သွေး တိုးတက်မြင့်မားလာစေရန်၊ ပူး‌ပေါင်းဆောင်ရွက်တက် သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ အားကစားလှုပ်ရှားမှု ပြိုင်ပွဲများကို ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကမမောင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာ‌ရေးဌာနတို့ ပူးပေါင်း ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ ကမမောင်းမြို့  ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ယဉ်ယဉ်အေးက အားကစားလှုပ်ရှားမှု ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ် ချက်များကို ပြောကြားပြီး အားကစားလှုပ်ရှားမှုဆိုင်ရာ ကစားနည်းပြိုင်ပွဲများတွင် အိမ်ဆောက်ပြိုင်ပွဲနှင့် ဘိုးလင်းပစ်ပြိုင်ပွဲများပြုလုပ်ပေးခဲ့ရာ ကျောင်းသား/ ကျောင်းသူ (၂၀)ဦးပါဝင် ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိသူများကို  တာဝန်ရှိသူများက အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ကမမောင်း(ပြန်/ဆက်)