ပိုင်ကျုံ မတ်လ ၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်စေရန်နှင့်ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို လျော့နည်းစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ ပိုင်ကျုံမြို့အတွင်းရှိ ပိုင်ကျုံတိုက်နယ်ဆေးရုံတွင် ကာကွယ်ဆေးထိုးနှံပေး ခြင်းကို ၂၀၂၁ခုနှစ်၊ ဩဂုတ်လမှ စတင်ခဲ့ရာ ယနေ့တွင် သတ္တမအသုတ်အထိ အကြိမ်ပြည့်ထိုးနှံပြီးစီးခဲ့ပြီး ဖြစ်သည်။
ကာကွယ်ဆေးထိုးနှံရာတွင် သံဃာတော်များ၊ အသက်(၁၈)နှစ် အထက်ဒေသနေပြည်သူများ၊ အကြောင်း အမျိုးမျိုးကြောင့် ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသည့် နိုင်ငံ့ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့ဝင်များကို ဦးစားပေး အစီအစဉ်ဖြင့် ထိုးနှံပေးခဲ့ပြီး ယနေ့ နံနက် ၉နာရီမှ စတင်၍ အဋ္ဌမအသုတ် (ဒုတိယ)အကြိမ် စတင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထို့သို့ ဆောင်ရွက်ရာတွင် ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးသက်နိုင်စိုးဦးဆောင်ပြီး ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်း များတို့က ကာကွယ်ဆေး လာရောက်ထိုးနှံသူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်း တိုင်းတာ ပေးခြင်း၊ သွေးတွင်းအောက်ဆီဂျင် ပါဝင်မှု ပမာဏတိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာမှဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ကာကွယ်ဆေး ထိုးနှံရာတွင် အဆင်ပြေလွယ်ကူစေရန်အတွက် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
စောဂျိုးဇက်ဂျူး