ခါမ်းပါတ် မတ် ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့တွင် ၂၀၂၂ ခုနှစ်မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုရန်အတွက် ကျောင်းသား၊ ကျောင်းသူ (၁၂၅) ဦး စာရင်းပေးသွင်းထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
ခါမ်းပါတ်မြို့တွင် စာစစ်ဌာနတစ်ခုသာရှိပြီး အတွဲ-၁ တွင် ( ၁၀၈) ဦး၊အတွဲ- ၂ တွင် ( ၇) ဦးနှင့် အတွဲ- ၃တွင် ( ၁၀) ဦး၊ စုစုပေါင်း ( ၁၂၅) ဦးရှိကြောင်း သိရသည်။
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် တမူးခရိုင်အတွင်းရှိတမူးမြို့၊ ခါမ်းပါတ်မြို့နှင့် မြို့သစ်မြို့တို့ရှိ စာစစ်ဌာန များတွင် ကျောင်းသား၊ကျောင်းသူ စုစုပေါင်း(၅၃၉) ဦး ဝင်ရောက် ဖြေဆိုကြမည်ဖြစ်ကြောင်းလည်း သိရသည်။
သားငယ်(ခါမ်းပါတ်)