ရန်ကင်းမြို့နယ်အတွင်းရှိ ပြည်သူများအား စျေးနှုန်းချိုသာစွာဖြင့် အသား၊ငါး၊ဆန်၊ဆီ၊ကြက်ဥများ ရောင်းချပေး

ရန်ကင်း မတ် ၅

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နေစဉ် ကာလ အတွင်း စားသုံးမှု အဆင်ပြေစေရန်နှင့် စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူရရှိစေရန် ရည်ရွယ်၍ ဆန် ကုန်သည်ကြီးများအသင်းမှ တိုင်းဒေသကြီးအတွင်း စျေးနှုန်းချိုသာစွာဖြင့် လှည့်လည်ရောင်းချ လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ရန်ကင်း မြို့နယ်အတွင်းသို့ စားအုန်းဆီ၊ ဆန်၊ ကြက်ဥများ လာရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ရောင်းချပေးခြင်းကို ရန်ကင်းမြို့နယ် ၁၁ ရပ်ကွက် ကံဘဲ့ဘူတာရုံလမ်းနှင့် ဘောက်ထော်စျေးတို့တွင်ဆန်၊ ဆီ၊ ကြက်ဥများ လာရောက်ရောင်းချပေးရာ ရပ်ကွက်အုပ်ချုပ် ရေးမှူးများက ကြီးကြပ်၍ ဝိုင်းဝန်းရောင်းချပေးခဲ့ပြီး ရပ်ကွက်နေပြည်သူများ စျေးအတွင်းမှ စျေးသည် စျေးဝယ်များမှ လာရောက်ဝယ်ယူ အားပေးခဲ့ကြောင်း သိရသည်။

လှလှထွေး