သာကေတမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းတွင် ရာနှုန်းပြည့် လွမ်းခြုံမှု ရှိစေရန် Mobile စနစ်ဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ

သာကေတ မတ် ၅

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်ရှိ အသက် (၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရာ၌ ရာနှုန်းပြည့် လွမ်းခြုံမှုအပြည့်အဝ ရရှိစေရန် ရည်ရွယ်၍ ယမန်နေ့နံနက် (၉း၀၀)နာရီ မှ မွန်းလွဲ (၃း၀၀)နာရီအထိ ရပ်ကွက်(၁၉) ရပ်ကွက်အလိုက် Mobile စနစ်ဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Covid Shield) ကို ထိုးနှံပေးခဲ့သည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရာ၌ မြို့နယ်ကာကွယ်ဆေး ထိုးနှံရာ၌ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင် ကြီးကြပ်ကွက်ကဲမှုဖြင့် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ အဖွဲ့(၁၀)ဖွဲ့ခွဲ၍ ရပ်ကွက်အုပ်ချုပ်ရေးမှုးများ၊ ပရဟိတ လူမှုကူညီရေးအသင်းများ ပူးပေါင်း၍ ရပ်ကွက်(၁၉) ရပ်ကွက်ရှိလမ်းအလိုက် Mobile စနစ်ဖြင့်  မြို့နယ်နေပြည်သူများအား ထိုးနှံပေးခဲ့သည်။

သာကေတမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန် အကျုံး၀င်သူဦးရေ (၁၆၂၈၀၀) ဦးရှိရာ ဦးတည်အုပ်စုအလိုက် ဆေးထိုးနှံပြီးသည့် ဦးရေ (၈၈၀၃၅)ဦးရှိပြီး ၅၃.၉၅%ပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်း ရာနှုန်းပြည့်လွမ်းခြုံမှု ရှိစေရန် အရှိန်အဟုန်မြှင့်  ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)