ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်

ဒဂုံ(ဆိပ်ကမ်း) မတ် ၅ "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားတိုင်း ကိုင်ဆောင် နိုင်သည့် ကတ်တစ်မျိုးမျိုးရရှိကိုင်ဆောင်နိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် အိမ်ထောင်စု ဦးရေစာရင်းများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက် ပေးလျက်ရှိရာ မတ်လ ၃ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်း ဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၆၀၊၆၁)ရပ်ကွက်အုပ်ချုပ် ရေးမှူးရုံး နှင့်( ၈၇)ရပ်ကွက် ဓမ္မာရုံတို့၌ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးအေးကျော်၏ ကြီးကြပ်မှုဖြင့် ဒုလ.၀.ကမှူး ဒေါ်သန်းသန်းစိုး ဦးဆောင် သောအဖွဲ့နှင့် လ.၀.ကမှူး ဒေါ်မြင့်မြင့်ခိုင် ဦးဆောင်သောအဖွဲ့တို့မှ ကွင်းဆင်း ဆောင်ရွက်ပေး ခဲ့ကြောင်းသိရသည်။ ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့ အင်အား ဝန်ကြီး ဌာန၊ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် မြို့နယ်အတွင်းရှိ ရပ် ကွက်နှင့်ကျေးရွာများ သို့ ဒုတိယ အကြိမ်အလှည့်ကျ ကွင်းဆင်း ဆောင်ရွက်ပေးရာ အမှတ်(၈၇) ရပ်ကွက်၊ ဓမ္မာရုံတွင် တွင် အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၂)ခု၊ အသက် (၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား(၈)ကတ်၊ မှတ်ပုံ တင်ပျောက်ဆုံး၊ ပျက်စီးအသစ်လဲ လှယ်သူ(၁၈)ဦး ၊စုစုပေါင်း (၂၈) ကတ်နှင့် အိမ်ထောင်စုစာရင်း အသစ်ပြုလုပ်သူ (၁၁၀) ခုတို့ အားကွင်းဆင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းကို ရပ်ကွက်/ကျေးရွာများ အရောက် ကွင်းဆင်း၍ မေလ ၃ ရက်နေ့မှ စတင်ကာ (၁၈) လကြာ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ မိမိတို့ မွေးဖွားရာဇာတိတွင် အမြဲနေထိုင်ကာ အိမ်ထောင်စုလူဦး ရေစာရင်းရှိပြီးကိုင်ဆောင် လက်မှတ် မရှိသူများ၊ လက်ရှိဇာတိတွင် အမြဲနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်း မရှိသူများနှင့် ရွေ့ပြောင်း နေသူများအနေဖြင့် မူလဒေသတွင်အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူများကို ဥပဒေနှင့်အညီ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်းမြို့နယ်ဦးစီးအရာရှိ ဦးကျော်ထံမှ သိရသည်။ လဲ့လဲ့(ပြန်/ဆက်)