မိုင်းခုတ် မတ် ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ဝမ်ကောင်းကျေးရွာအုပ်စု၊ ရှုခင်းသာ (၂)ကျေးရွာ၌ ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်က နေအိမ်(၅)လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ ကြောင်းသိရသည်။
ဖြစ်စဉ်မှာ သက်ကယ် မိုး၊ ဝါးထရံကာ တဲအိမ် မီးကြွင်းမီးကျန်မှတစ်ဆင့် မီးကူးစက်လောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျေးရွာနေပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် သက်ကယ်မိုး၊ ဝါးထရံကာ နေအိမ်(၅)လုံးမီးလောင်ကျွမ်းဆုံးရှုံးခဲ့ကြောင်း၊ အိမ်ထောင်စု(၅)စုမှ မိသားစုဝင်များအား ၎င်းတို့နှင့်နီးစပ်ရာ ဆွေမျိုးများ၏ နေအိမ်တွင် ယာယီနေရာချထားပေးကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)