ဟိုပုံး မတ် ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် အသက်(၁၂) နှစ်နှင့် အထက် ကျောင်းသား/သူများအား ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်မှ စတင်၍ မြို့နယ်ပြည်သူ့ကျန်းမာ ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ထိုးနှံပေးခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောင်းနေအရွယ် ကလေးများ ကျန်းမာစွာပညာသင်ကြားနိုင်ခြင်း၊ ပညာ သင်ယူခွင့် အခွင့်အလမ်းများရရှိစေခြင်း၊ ကာကွယ်ဆေးလွှမ်းခြုံမှု အလျင်အမြန်ရရှိစေခြင်းနှင့်် မိသားစု နှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးရန်အတွက် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာခြင်း၊ Oximeter တိုင်းတာခြင်းနှင့် အသက်(၁၂) နှစ်နှင့် အထက် ကျောင်းသား/သူများကို ပထမအကြိမ်နှင့် ဒုတိယအကြိမ် ထိုးနှံမည့် ကျောင်းသား/သူ များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခဲ့ကြကြောင်းသိရသည်။
ဟိုပုံးမြို့နယ်တွင် အသက်(၁၂)နှစ်နှင့် အထက်ကျောင်းသား/သူ စုစုပေါင်း(၄၁၁၄)ဦး တို့ကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးပြီးပြီဖြစ်ကြောင်းသိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)