ဝက်လက်မြို့၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေး

ဝက်လက်  မတ် ၂၄

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ်ပေါ် ရပ်ကွက်များနှင့် ဌာနဆိုင်ရာရုံးများကို မတ်လ ၁၅ ရက်နေ့မှ စတင်၍ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး ဆွေးနွေးခြင်း လုပ်ငန်းများကို ဝက်လက်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ ဝင်များက ဆောင်ရွက် ကြကြောင်း သိရသည်။

ဝက်လက်မြို့နယ် မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက အများပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်ချမ်းသာမှုများကို မီးဘေး အန္တရာယ် ကင်းဝေးစေရေးအတွက်  မီးဘေးလုံခြုံရေး အသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ရာတွင် အရေးပေါ် အကြောင်းအရာများ ပေါ်ပေါက်လာပါက ဆက်သွယ်ရန်အတွက် မြို့နယ် မီးသတ်စခန်းနှင့် မီးသတ်ဦးစီးမှူး၏ ဖုန်းနံပတ်များကပ် ပေးခြင်း၊ မီးသတ်ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ လျှပ်စစ်မီးသုံးစွဲရာတွင် ပြည်သူများ လိုက်နာရမည့်အချက်များ  စသည်တို့ အသိပညာပေး ဆွေးနွေခြင်း လုပ်ငန်းများကို ဆောင်ရွက်ကြကြောင်း သိရသည်။

စိုးစိုးလှိုင် ( ဝက်လက်)