မြစ်သားမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံပေး

မြစ်သား မတ်  ၂၅

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ရာနှုံးပြည့် ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့်မြို့နယ်ကာကွယ်ဆေးထိုး ကွင်းဆင်းအဖွဲ့များက မြို့နယ်အတွင်း စုရပ်နေရာများအလိုက် ရပ်ကွက်/ ကျေးရွာများအရောက် ကွင်းဆင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး အဋ္ဌမအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေးရာ ယမန် နေ့နံနက်(၈)နာရီခွဲအချိန်မှ စတင်၍ မြစ်သား(မင်းကုန်း)၊ ကူမဲစုရပ်၊ ရွာခိုင်ကြီး(မသဲ)၊ မိုင်းမော (ခရုတုတ်)၊ ရစ်ကန်(ညောင်ဂျစ်)၊ ရေဝန်း(ချင်း)၊ ဒါးရယ်ကောင်း (ရွာမုန်းကြီး)ကျေးရွာ စုရပ်နေရာ များတွင်  ကျား(၂၉၂)ဦး၊ (မ)၃၁၄ ဦး   စုစုပေါင်း (၆၀၅)ဦး အတွက် ဆေး(၅၅)လုံး ထိုးနှံပေးခဲ့ ကြောင်းသိရသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို  မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် စီမံခန့်ခွဲမှုကော်မတီ အဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။ ဆက်လက်၍ ကျန်ရှိနေသေးသည့် ရပ်ကွက် ကျေးရွာများရှိ ပြည်သူများကိုလည်း သတ်မှတ်ဦးစား ပေးအုပ်စုအလိုက်သက်ဆိုင်ရာ ကာကွယ်ဆေးထိုးစုရပ်များတွင် အဆိုပါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးသွားမည်ဖြစ် ကြောင်းသိရသည်။

မြမြမွန်(မြစ်သား)