မိုးညှင်းခရိုင် ပြည်သူ့စာကြည့်တိုက်၌ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာစောင်များ အခမဲ့လာရောက်ငှားရမ်းဖတ်ရှု

မိုးညှင်း မတ် ၂၅

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ပြည်သူ့စာကြည့်တိုက်၌ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများနှင့် စာပေဝါသနာရှင်များ စာအုပ်စာစောင်များကို အခမဲ့လာရောက် ငှားရမ်းဖတ်ရှု လျက်ရှိသည်။

အဆိုပါ ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသား၊ ကျောင်းသူများအား ကာယဉာဏ စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ရသစာအုပ်၊ အသိပညာဗဟုသုတများ တိုးပွားစေမည့် သုတစာအုပ် များ၊ စာစောင်များ၊ ကလေးစာဖတ်ခန်းမှ ကလေးစာပေများ၊ ကလေးများအတွက် အားကစား ပစ္စည်းများ၊  ရောင်စုံစက္ကူနှင့် ဆေးရောင်ခြယ်ခဲတံများ ထာရှိပေးပြီး ပြပွဲများ၊ ပြိုင်ပွဲများနှင့် အားကစားနှင့် ဂိမ်းကစားခြင်းများ စသည်တို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။

ထို့နောက် ဤဦးစီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း၌ အွန်လိုင်းမှတစ်ဆင့် အသိပညာပေးလုပ်ငန်းများအနေဖြင့် Talk Show ၊ စာပေဟောပြောပွဲ၊ စာဖတ်ဝိုင်း၊ စာအုပ်မိတ်ဆက်၊ ပုံပြင်ပြော၊ စက္ကူခေါက်၊ ဆေးရောင်ခြယ်၊ ကဗျာရွတ်ခြင်း အစီအစဉ်များနှင့် အခြားဗဟုသုတများဖြစ် စေမည့် အကြောင်းအရာ အစီအစဉ်များကို ဌာနဆိုင်ရာများ၊ မြို့နယ်စာရေးဆရာအသင်းမှ အဖွဲ့ဝင် များ၊ စာပေဝါသနာရှင်များနှင့် ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်း၍ နေ့စဉ် မိုးညှင်းခရိုင် ပြည်သူ့ စာကြည့်တိုက် Facebook Page နှင့် We Love Mohnyin Facebook Page တို့တွင် ရိုက်ကူးလွှင့်တင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)