နောင်ချိုမြို့နယ် စေတနာမွန်အသင်းမှ ရေခက်ခဲသောကျေးရွာများသို့ ရေများသွားရောက်လှူဒါန်း

နောင်ချို မတ် ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် စေသနာမွန်အသင်းမှ မြို့နယ်အတွင်း ရေခက်ခဲသောကျေးရွာများသို့ ရေများသွားရောက်လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

စေသနာမွန်အသင်း ဥက္ကဋ္ဌဦးနေဦးသာ၏ဦးဆောင်မှုဖြင့် မြို့နယ်အတွင်း သောက်သုံးရေလိုအပ်နေသော ကျေးရွာများသို့ ရေများပေးပို့ရာတွင် ယမန်နေ့အထိ မြင်းဖြူတောင်သို့ ရေဂါလံ(၈၀၀၀)၊ နားရှိုးကျောင်းသို့ ရေဂါလံ (၁၆၀၀)၊ ဆင်ရှောကျောင်းသို့ ရေဂါလံ (၁၆၀၀)၊ ယာပြင်ကျေးရွာသို့ ရေဂါလံ(၁၆၀၀) အသီးသီးကို ရေလှောင်ကန်များ အရောက် သွားရောက် ဖြည့်ဆည်းလှူဒါန်းခဲ့ကြသည်။ ကျေးရွာများသို့ ရေလိုအပ်မှုအပေါ်သွားရောက်လှူဒါန်းရာတွင် လောင်စာဆီဈေးနှုန်းများ မြှင့်တက်နေသော်လည်း အလှူရှင်များ၏ကူညီပံ့ပိုးမှု၊ လူမှုရေးအသင်း အဖွဲ့များ၏ ပူပေါင်းဆောင်ရွက်မှုအားတို့ဖြင့် လှူဒါန်းပေးပို့နိုင်ခဲ့ကြောင်း၊ အလှူရှင်များ၏ လှူဒါန်းငွေများဖြင့် ပို့ဆောင်ပေးခြင်းဖြစ်သည့်အတွက် မည်သည့်အခကြေးငွေမှ ပေးဆောင်ရန်မလိုကြောင်း၊ ရေခက်ခဲပြီးရေလှောင်ကန်ရှိသောကျေးရွာများသို့ ဆက်လက်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း စေသနာမွန်လူမှုကူညီရေးအသင်းထံမှ သိရသည်။

ထွေးငယ်