လပွတ္တာခရိုင် (၃ )မိုင် မြို့သစ်မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

လပွတ္တာ ဧပြီ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ (၃)မိုင် မြို့သစ်တွင် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်ဖွင့်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၅ နာရီအချိန်က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြောင်း သိရှိရသည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးညွှန့်မှ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ပြောကြားပြီး ဗဟိုမဏ္ဍပ်ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးညွှန့်နှင့်အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခိုင်ထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး တက်ရောက်လာကြသူများအား သပြေခက်ဖြင့် နှစ်သစ်ကူးအတာရေစင် ပက်ဖျန်းခဲ့ကြသည်။

ဆက်လက်၍ တက်ရောက်လာကြသော ဧည့်သည်တော်များအား ယိမ်းအဖွဲ့များက ဧည့်ခံဖျော်ဖြေခဲ့ ကြပြီး နှစ်သစ်ကူး မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်းသိရှိရသည်။

လပွတ္တာ ခရိုင်(ပြန်ဆက်)