တောင်ကြီးမြို့နယ် အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Mar 23,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် အခြေခံပညာဦးစီးဌာန၊ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ လူငယ်များမျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဗဟုသုတများတိုးပွားလာစေရန် ရည်ရွယ်၍ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဒေါ်ခင်သိန်း ခန်းမ၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၁)နာရီအချိန် က ကျင်းပဆောင်ရွက်ခဲ့သည်။