အမာမြို့၌ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

အမာ ဧပြီ ၁၄

မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်မှ ၁၃၈၄ ခုနှစ်သို့ ကူးပြောင်းသည့် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီအချိန်က အမာမြို့၊ အမှတ် (၂)ရပ်ကွက်ရှိ ဗဟိုမဏ္ဍပ်၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားတွင် အမာမြို့၊ မြို့အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားပြီး၊ ယိမ်းအဖွဲ့များက "မန်းတောင်ရိပ်ခို" သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကပြခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ အမာမြို့အတွင်းရှိယိမ်းအဖွဲ့များက တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကပြကြပြီး၊ တေးသံရှင်များကလည်း မြန်မာ့ရိုးရာသင်္ကြန်သီချင်းများ ဖျော်ဖြေတင်ဆက်ခြင်းဖြင့် ပျော်ရွှင်စွာ ဆင်နွဲခဲ့ကြကြောင်းသိရှိရသည်။

ဖွင့်ပွဲအခမ်းအနားသို့ အမာမြို့၊ မြို့အုပ်ချုပ်ရေးမှူး၊ နယ်မြေတပ်စခန်းမှ တပ်ရင်းမှူး၊ နယ်မြေရဲတပ်ဖွဲ့ စခန်းမှူး၊ မြို့အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ယိမ်းအဖွဲ့များနှင့် ပြည်သူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

အမာ(ပြန်/ဆက်)