မရမ်းကုန်းမြို့နယ် ပြည်​ထောင်စု​ကျောင်းလမ်း၌ လမ်း​လျှောက်သင်္ကြန် ကျင်းပ

မရမ်းကုန်း ဧပြီ ၁

၁၃၈၃ခုနှစ် မဟာသင်္ကြန်အကြို​​နေ့ဖြစ်သည့် ယ​မန်နေ့ည​နေ :၀၀​နာရီအချိန်တွင် ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်()ရပ်ကွက်ရှိ ပြည်​​ထောင်စု​ကျောင်းလမ်း၌ လမ်းလျှောက်သင်္ကြန် ကျင်းပ​​ပြုလုပ်ခဲ့သည်။

အဆိုပါ လမ်း​လျှောက်သင်္ကြန်တွင် ပြည်သူများ​ အေးချမ်း​ပျော်ရွှင်စွာ လာရောက် ရေကစား ကြပြီး သင်္ကြန်ပွဲ​တော်ဖြစ်​မြောက်​ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်​ဇော်ဇော်​အောင်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်​ရေးမှူးများ၊ ပရဟိတ အသင်းများ ပူး​ပေါင်း​ဆောင်ရွက်လျက်ရှိပြီး သင်္ကြန်အကျ​နေ့၊ သင်္ကြန်အကြတ်​နေ့၊ သင်္ကြန် အတတ်​နေ့များတွင်လည်း စတုဒိသာ​ကျွေးခြင်းနှင့်​ ပျော်ရွှင်စွာ ​ရေကစားနိုင်​ရေး ဆက်လက်​ဆောင်ရွက်သွားမည် ဖြစ်​ကြောင်းသိရသည်။

​အေး​အေး​အောင်(ပြန်/ဆက်)