ကျိန္တလီ ဧပြီ ၁၄
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့တွင် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ရေ ကစားမဏ္ဍပ်ဖွင့်ပွဲကို ယမန်နေ့ ညနေပိုင်းက ကျိန္တလီမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ရှိ ရေကစားမဏ္ဍပ်၌ ကျင်းပခဲ့သည်။
မြို့နယ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ရေကစားမဏ္ဍပ်အား ရခိုင်စည်တော် တီးခတ်ခြင်းနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း၊ ကျိန္တလီမြို့ မြို့အုပ်ချုပ်ရေးမှူးက နှစ်သစ်ကူးမင်္ဂလာ နှုတ်ခွန်းဆက်စကား ပြောကြားခြင်း၊ ကျိန္တလီမြို့ မြို့မိမြို့ဖတစ်ဦးက ကျေးဇူးတင်စကားပြောကြားခြင်း၊ ကျိန္တလီမြို့ ဗဟိုသင်္ကြန်ရေကစားမဏ္ဍပ်အား မန်းတောင်ရိပ်ခိုသီချင်းသီဆို၍ ယိမ်းအကများဖြင့် ဖွင့်လှစ်ပေးခဲ့ သည်။
ကျိန္တလီမြို့၏ ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်တွင် သင်္ကြန်အကြိုနေ့၌ ဘုရားအား ရေသပ္ပါယ်ပူဇော်ပွဲကျင်းပခြင်းနှင့် သင်္ကြန်မဏ္ဍပ်တွင်ပျော်ရွှင်စွာ ရေကစားခြင်းတို့အား အတက်နေ့အထိ စည်ကားစွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။
သန်းသန်းလေး