ဒဂုံ ဧပြီ ၁၄
၁၃၈၃ခုနှစ်၊ မြန်မာ့ရိုးရာယဉ် ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ရိုးရာ အစဉ်လာမပျက် ထိန်းသိမ်းရန်နှင့် အနှစ်သာရရှိရှိ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ရည်ရွယ်ကာ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်အတွင်း ပြည်လမ်း အရှေ့ရပ်ကွက်၊ ပြည်သူ့ရင်ပြင်၊ကျောက်ကွင်းရှိ ရေကစားမဏ္ဍပ်အား ယမန်နေ့ ဧပြီလ ၁၃ ရက်နေ့ သင်္ကြန်အကြိုနေ့မှ စတင်ကာ ပြည်သူများရေ ကစားခြင်းနှင့် စတုဒိသာများကျွေးမွေးခြင်းများ ပြုလုပ်လျက်ရှိသည်။
အဆိုပါ မြို့နယ်ရေကစားမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားသို့ မြို့ နယ်စီမံချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ တက်ရောက်ဖွင့်လှစ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများကြသည့် စည်ပင်သာယာရေးဝန်ကြီးဦးဗိုလ်ဌေး၊ လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်မျိုးမင်းထိုက်တို့ အဆိုပါ ရေကစားမဏ္ဍပ်သို့ နံနက်၉:၃၀ နာရီက လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။ လာရောက် ရေကစားသူများနှင့် ပြည်သူများအား မုန့်လက်ဆောင်းစတုဒိသာ ကျွေးမွေးခြင်းများလည်း တစ်နေ့လျှင် နှစ်ကြိမ် ကျွေးမွေးလှူဒါန်းလျက်ရှိကြောင်း သိရသည်။
ဒဂုံမြို့နယ်ရေကစားမဏ္ဍပ်အား သင်္ကြန်အကြိုနေ့မှ သင်္ကြန်အတက်နေ့အထိ နံနက် ၉ နာရီမှ ညနေ ၆နာရီအထိ ပြည်သူများ ရေလာရောက်ကစားခြင်းနှင့် စတုဒီတာကျွေးမွေးခြင်းများကိုနေ့စဉ်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
မေသန္တာ (ပြန်/ဆက်)