အုတ်တွင်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားခဲ့ပါက အရေးပေါ်တုံ့ပြန် ဆောင်ရွက်နိုင်ရန် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ အသင့်စုဖွဲ့ထားရှိ

အုတ်တွင်း   မတ်  ၂၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက အရေးပေါ် ကူညီကယ်ဆယ်ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အုတ်တွင်းမြို့နယ်မီးသတ်ဦးစီးဌာနမှ  ကူညီကယ်ဆယ်ရှာဖွေရေးပစ္စည်းများ အသင့်စုဖွဲ့ထားရှိ၍ ကူညီကယ်ဆယ်ရေးနှင့် ပတ်သက်သည့် အကြောင်းအရာများအား တပ်ဖွဲ့ဝင်များအား  ရှင်းလင်းမှာကြားဆောင်ရွက်မှုကို မြို့နယ်မီးသတ်ဦးစီးဌာနဝန်းအတွင်း၌  ယနေ့နံနက်ပိုင်းတွင်  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ် ဒုတိယမီးသတ်တပ်ဖွဲ့မှူး ဦးထွန်းမင်းအောင် က သဘာဝဘေး အန္တရာယ်များ ကျရောက်ပါက အရေးပေါ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တကျ လုပ်ဆောင်နိုင်ရန်အတွက် တပ်ဖွဲ့ဝင်များ သိရှိလိုက်နာရမည့်အချက်များ၊ လုပ်ဆောင်ရမည့်အချက်များနှင့် ကူညီကယ်ဆယ်ရှာဖွေရေး ပစ္စည်းများအား အသင့်စုဖွဲ့ ဆောင်ရွက်ထားမှုရှိပါကြောင်းနှင့် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ ရှာဖွေကူညီကယ်ဆယ်နိုင်ရေးအတွက် ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ထားလျက်ရှိပါကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)