ဗဟန်းမြို့နယ်၌ ၂၀၂၂ ခုနှစ် အဌမတန်း Grade-9 စာမေးပွဲကို အခြေခံပညာကျောင်းများ၌ ကျောင်းသား ကျောင်းသူများ နောက်ဆုံးနေ့ဘာသာရပ်ကို အေးချမ်းအောင်မြင်စွာ ဖြေဆို

ရန်ကုန်    မတ်   ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်းရှိ ၂၀၂၂ ခုနှစ် အဌမတန်း Grade-9 စာမေးပွဲကို အမှတ်() အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်() အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်() အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်() အခြေခံပညာ အလယ်တန်းကျောင်း၊ အမှတ်() အခြေခံပညာအလယ်တန်းကျောင်း၊ အမှတ်() အခြေခံပညာ အလယ်တန်းကျောင်း၊ တို့တွင် ကျောင်းသား (၂၂၁)ဦး၊ ကျောင်းသူ (၂၃၀) ဦး၊ စုစုပေါင်း (၄၅၁)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်၊၊

စာမေးပွဲ ဖြေဆိုရန် စာရင်းရှိ ကျောင်းသား (၂၇၀ )ဦး၊ ကျောင်းသူ (၂၇၃) ဦး၊ စုစုပေါင်း (၅၄၃)ဦး ရှိပြီး ကျောင်းသား (၄၉)ဦး၊ ကျောင်းသူ (၄၃) ဦး၊ စုစုပေါင်း (၉၂)ဦး ဖြေဆိုရန် ပျက်ကွက်ခဲ့သည်၊၊

ဗဟန်းမြို့နယ်အတွင်း ကျောင်းသား၊ ကျောင်းသူ ၈၃.၀၅ ရာခိုင်နှုန်းဖြေဆိုကြရာ၊ မတ်လ ၂၃ ရက်နေ့တွင် နောက်ဆုံးနေ့ဘာသာရပ်အား စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ကြကြောင်း သိရသည်။

ကျောင်းသားကျောင်သူများသည်၊ စာသင်နှစ်တစ်နှစ်ပြီးဆုံးပြီးဖြစ်သောကြောင့် စာမေးပွဲကို ကောင်းမွန်စွာဖြေဆိုနိုင်သဖြင့် စိတ်လက်ပေါ့ပါးစွာ ပျော်ရွှင်နေကြကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)