မြောင်းမြမြို့တွင် (၇၇) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ ဖြန့်ဝေ

မြောင်းမြ မတ် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ၂၀၂၂ ခုနှစ်၊ မတ်လ (၂၇) ရက်နေ့တွင် ကျရောက်မည့်(၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နံနက်(၁၁)နာရီက ဈေးဆိုင်များ၊ ဌာနဆိုင်ရာရုံးများနှင့် လမ်းသွားလမ်းလာပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် (၇၇) နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ ကာကွယ်စောင့်ရှောက်သွားမည်သာ ခေါင်းစဉ်ဖြင့် ခေါင်းကြီးပိုင်း၊ တပ်မတော်အစဉ်အလာကောင်း(၁၂)ရပ် ‌နွေအလှကဗျာ၊ မိန့်ခွန်းကောက်နုတ်ချက်များနှင့် ဆောင်ပုဒ်များ စသည့်အကြောင်းအရာများ ပါဝင်ပါသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် နေ့ထူးနေ့မြတ်များနှင့်ပတ်သက်သည့် အကြောင်းအရာများကို ပြည်သူများ ဗဟုသုတရရှိ သိရှိစေရန်အတွက် သတင်းစကား လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

ဒေါ်ခင်ရူပါအေး