ရွှေတောင် မတ် ၂၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ပညာသင်နှစ် အခြေခံပညာအတန်းများ၏ နှစ်ဆုံးစာမေးပွဲကို မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် ယနေ့နံက်ပိုင်းက ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ဖြေဆို ပြီးမြောက်ခဲ့ကြောင်း သိရသည်။
ဖြေဆိုရာတွင် အခြေခံပညာမူလတန်းဆင့် KG အပါအဝင် GRADE1,2,3,4,6,7,8 နှင့်GRADE 9 အတန်းများကို မတ်၁၇ရက်မှ ၁၉ရက်နေ့ထိနှင့် (၁)ရက်လျှင် (၂)ဘာသာဖြင့်လည်းကောင်း၊ အထက်တန်းဆင့် သင်ရိုးသစ် GRADE10 နှစ်ဆုံး စာမေးပွဲကို မတ် ၁၇ ရက်မှ၂၁ ရက်ထိလည်းကောင်း၊ အထက်တန်းဆင့် GRADE11 (သင်ရိုးဟောင်း)တိုင်း အဆင့်နှစ်ဆုံးစာမေးပွဲကို မတ် ၁၇ မှ ၂၃ ရက်နေ့အထိ လည်းကောင်း ဖြေဆိုခဲ့ရာယနေ့တွင် အေးချမ်းစွာဖြေဆို ပြီးမြောက်ကြောင်းနှင့် မြို့နယ်အတွင်း အခြေခံပညာ ကျောင်းပေါင်း(၁၇၉)ကျောင်းရှိ အတန်းများတွင် နှစ်ဆုံးစာမေးပွဲဝင်ရောက်ဖြေဆိုသူ စုစုပေါင်း ၁၁၁၀၉ ဦးဖြစ်ပြီး ရာခိုင်နှုန်း အားဖြင့် ၉၇.၆၂ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)