ဆီဆိုင်မြို့နယ်၌ အခြေခံပညာအလယ်တန်းအဆင့် စာသင်နှစ် တစ်နှစ်ပြီးဆုံး၍ ကျောင်းသူများ လွပ်လပ်ပျော်ရွှင်

ဆီဆိုင် မတ် ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ အခြေခံပညာအလယ်တန်းအဆင့် အဌမတန်းနှစ်ဆုံးစာမေးပွဲကို ဖွင့်လှစ်ထားရှိသည့် စာစစ်ဌာနများ၌ မတ် ၁၇ ရက်နေ့မှစ၍ ဖြေဆိုခဲ့ရာ ယနေ့တွင် စာသင်နှစ်တစ်နှစ်ပြီးဆုံး၍ ကျောင်းသား၊ ကျောင်းသူများ လွတ်လပ်ပျော်ရွှင်လျက်ရှိကြောင်း သိရသည်။        

ဆီဆိုင်မြို့နယ်အတွင်းရှိ အဋ္ဌမတန်းဖြေဆိုရန် စာရင်းပေးထားသူ (၉၉၅)ဦးရှိပြီး၊ (၉၄၉)ဦးဖြေဆိုကာ (၄၆)ဦး ဖြေဆိုရန်ပျက်ကွက်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မျိုးမြတ်(ဆီဆိုင်)