မင်းတုန်းမြို့တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

မင်းတုန်း မတ် ၂၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်တွင် ယနေ့နံနက် ၁၁ နာရီက  မြို့နယ် ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ပညာရေးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် မြို့နယ်ပညာရေးမှူး ဒေါ်နှင်းဆင့်က လူငယ်များ စောင့်ထိန်းရမည့် ကိုယ်ကျင့်တရားများ စည်းကမ်းပိုင်းဆိုင်ရာများ ဟောပြောခြင်း၊ မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန နည်းစနစ်မှူး ဦးချစ်ကိုကိုအောင်က လူငယ်နှင့် အားကစားဆိုင်ရာများ ဟောပြောပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်ရွှေက လူငယ်နှင့်ရည်မှန်းချက်၊ အကျင့်စာရိတ္တနှင့် ပေါင်းသင်းဆက်ဆံရေး အသိပညာပေး ဟောပြော ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)