ပိုင်ကျုံမြို့ပတကျေးရွာ မူကြိုကျောင်း၌ ကာကွယ်ဆေးလာရောက်ထိုးနှံသော ပြည်သူများအား Mask များအခမဲ့ ဖြန့်ဝေ

ပိုင်ကျုံ  မတ် 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ပတ‌ကျေးရွာအုပ်စုအတွင်းရှိ မိဘပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက်ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးရာတွင် Mask တပ်ဆင်လာခြင်း မရှိ‌သော ပြည်သူများအား တာဝန်ရှိများက မန်နေ့ နံနက်ပိုင်း၌ Mask Campaign ပြုလုပ်သည့် အ‌နေဖြင့်  Mask များ အခမဲ့ ဝေငှပေးခဲ့သည်။

အဆိုပါ Mask Campaign ပြုလုပ်ရာတွင် “ကိုဗစ်-၁၉ကပ်ရောဂါကို ကြိုတင်ကာကွယ်ရေးလုပ်ငန်းမှာ ပြည်သူတွေ ထဲထဲဝင်ဝင် ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာဖို့ လိုအပ်သလိုကျေးရွာအတွင်း ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကိုလည်းဌာနဆိုင်ရာ‌များ၊ ကျန်းမာရေးဝန်ထမ်း တွေနဲ့လူမှုရေးပရဟိတ အသင်းအဖွဲ့တွေက အဘက်ဘက်ကနေ ပူးပေါင်းပြီးအရှိန်အဟုန်မြှင့် ပြုလုပ်ဆောင် ရွက်နေပါတယ်”ဟုMask Campaign ပြုလုပ်သည့်တာဝန်ရှိသူတစ်ဦးက အသိပေးပြောကြားသည်။

ပိုင်ကျုံမြို့အတွင်းကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးပရဟိတ အသင်းအဖွဲ့များကပူးပေါင်း၍ အရှိန်အဟုန်မပျက်ပြုလုပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)