ဇမ္ဗူသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်ခန်းမ၌ စာအုပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

ဇမ္ဗူသီရိ မတ် ၂၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ယမန်နေ့ နေ့လယ်ပိုင်းက သုတ/ရသ စာအုပ်များအား ပေးအပ်လှူဒါန်းပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာအုပ်လှူဒါန်းပွဲ အခမ်းအနားတွင် စာရေးဆရာမ တင်ရီမ(ညောင်ဦး)က ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်အတွင်းရှိ ခရိုင်နှင့်မြို့နယ်ရုံး စာကြည့်တိုက်များအတွက် သုတ/ရသ စာအုပ်များအား ပေးအပ်လှူဒါန်းရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ ဒက္ခိခရိုင်ရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်နှင့် ဇမ္ဗသီရိမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်နီလာစိုးတို့က အသီးသီးလက်ခံရယူခဲ့ကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

(မြို့နယ် ပြန်/ဆက်)