ကျောက်တော် မတ် ၂၄
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုး တက်စေရေး၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာပေ ဗဟုသုတများ ကြွယ်ဝစေရန်နှင့် ဘဝရည်မှန်းချက်ပန်းတိုင်များ ကောင်းမွန်စွာ လျှောက်လှမ်း နိုင်ကြစေရန် ရည်ရွယ်ချက်တို့ဖြင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ မြို့နယ်ပညာရေးဦးစီး ဌာနတို့ပူးပေါင်းပြီး လူငယ်ဘက်စုံဖွံ့ဖြိုးရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်ကအ-ထ-က(မြို့မ) ကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လူငယ်ဘက်စုံဖွံ့ဖြိုးရေး အသိပညာပေး ဟောပြောပွဲတွင် အ-ထ-က(မြို့မ) ကျောင်းအုပ် ဆရာကြီး ဦးစောလှကျော်က ကျောင်းသား၊ ကျောင်းသူများကို “ဗလငါးတန် ဖွံ့ဖြိုးရေး” ခေါင်းစဉ် ဖြင့်လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူဝင်းက “အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ရေးခေါင်းစဉ်” ဖြင့် အသိပညာပေး ဟောပြောရာတွင် လူငယ်များသည် နောင်တစ်ချိန်တွင် အနာဂတ် နိုင်ငံတော်ကြီးကို လက်ဆင့်ကမ်း ထမ်းဆောင်ပြီး နိုင်ငံနှင့်လူမျိုးအကျိုးအတွက် တစ်ဘက်တစ်လမ်းမှ သယ်ပိုးထမ်းရွက်လာကြရမည်ဖြစ်ကြောင်း၊ ကျောင်းပိတ်ရက်ရှည် ကာလများတွင်လည်း ပြင်ပမှ ဗဟု သုတရရှိစေသော စာအုပ်၊ စာပေများ လေ့လာဖတ်ရှုခြင်း၊ ကွန်ပျူတာသင်တန်း၊ အင်္ဂလိပ်စာသင်တန်း၊ ပန်းချီသင်တန်းစသည့် သင်တန်းများမှာ မိမိတို့အတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း ရှင်းလင်း ဟောပြော ခဲ့သည်။
ဆက်လက်၍ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်လှိုင်က “လူငယ်နှင့်အားကစားခေါင်းစဉ်”ဖြင့် အသိပညာပေး ဟောပြော ခဲ့သည်။
ထို့နောက် အားကစားနှင့်ကာယပညာ ဦးစီးဌာန မြို့နယ်ဦးစီးမှူးက အားကစား ပစ္စည်းများအား ထောက်ပံ့ပေးအပ်ရာ အ-ထ-က(မြို့မ) ကျောင်းအုပ်ဆရာကြီးမှ လက်ခံရယူခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား ၂၀၂၂ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခင်မောင်ထွန်း၊ ကျောက်တော်(ပြန်/ဆက်)