ဇမ္ဗူသီရိ မတ် ၂၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များစုပေါင်း၍ စာရေးဆရာမ တင်ရီမ (ညောင်ဦး) ရေးသားသည့် “နေဝင်ချိန်တိမ်တောက်သလိုပနှင့် တရားစာစုများ” စာအုပ်အား စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယနေ့ နံနက် (၁၀) နာရီက ဇမ္ဗူသီရိ မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre ခန်းမ၌ ကျင်းပ ခဲ့သည်။
စာဖတ်ဝိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ဇမ္ဗူသီရိ မြို့နယ် ပြန်/ဆက်ဦးစီးမှူး ဒေါ်နီလာစိုးက စာဖတ်ဝိုင်းကျင်းပသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် စာရေးဆရာမ တင်ရီမ (ညောင်ဦး) ရေးသားသည့် “နေဝင်ချိန်တိမ်တောက် သလိုပနှင့် တရားစာစုများ” စာအုပ်အား စာရေးဆရာမ တင်ရီမ (ညောင်ဦး) က ကိုယ်တိုင် ဆွေးနွေးခဲ့ပြီး စာရေးဆရာ ကိုချိုစံ၊ စာရေးဆရာ ကိုရင်ကျော်၊ စာရေးဆရာ သဘာဝ၊ စာရေးဆရာမ မေချို (ပျဉ်းမနား)၊ စာရေးဆရာမ အမေနန်း (ရဿဝတီ)၊ စာရေးဆရာခိုင်မင်း (နေပြည်တော်)၊ စာရေးဆရာ ဟန်ညွန့်(ယဉ်ကျေးမှု)၊ စာရေးဆရာမ သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်) နှင့် စာပေဝါသနာရှင်များက စာအုပ်ပါ အကြောင်းအရာများနှင့် ပတ်သက်၍ ရှုထောင့် အမျိုးမျိုး မှ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းသို့ နေပြည်တော်စာပေဝိုင်းအဖွဲ့မှ စာရေးဆရာများ၊ ဇမ္ဗူသီရိမြို့နယ် (Book Club) အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များ စုစုပေါင်း (၂၃) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)